သက်သေခံ နှစ်ပါး
11
ထို့နောက် တောင်ဝှေး/နှင့်/တူသော တိုင်းတာစရာ/ကျူရိုး/တစ်ချောင်း/ကို ကျွန်ုပ်/အား ပေး/၍ “ထလော့။ ဘုရားသခင်/၏/ဗိမာန်တော်/နှင့် ယဇ်ပလ္လင်/ကို တိုင်းထွာ/၍ ထို/နေရာ/၌ ဝတ်ပြုနေသော/သူတို့/ကို ရေတွက်လော့။ 2 ဗိမာန်တော်/၏ အပြင်ဘက်/ရင်ပြင်/ကို မတိုင်းနှင့်။ အဘယ်ကြောင့်ဆိုသော် ထို/နေရာ/ကို လူမျိုးခြားတို့/အား ပေးထား/သောကြောင့်/ဖြစ်၏။ သူတို့/သည် သန့်ရှင်းသော/မြို့/ကို လေးဆယ့်နှစ်လ/တိုင်တိုင် နင်းခြေကြ/လိမ့်မည်။ 3 ငါ/သည် ငါ/၏/သက်သေခံ/နှစ်ပါး/ကို အခွင့်အာဏာ/ပေးမည်။ သူတို့/သည် လျှော်ထည်ကြမ်း/ကို/ဝတ်/၍ ရက်ပေါင်း/တစ်ထောင့်/နှစ်ရာ/ခြောက်ဆယ် ပရောဖက်ပြု/ဟောပြောကြ/လိမ့်မည်” ဟုဆို၏။ 4 ဤ/သက်သေခံ/နှစ်ပါးတို့/သည် ကမ္ဘာလောက/ကို အုပ်စိုးသည့်/အရှင်သခင်/၏/ရှေ့တော်/၌ ရှိသော/သံလွင်ပင်/နှစ်ပင်/နှင့် ဆီမီးတိုင်/နှစ်ခု/ဖြစ်၏။ 5 တစ်စုံတစ်ယောက်/သည် သူတို့/ကို အန္တရာယ်/ပြုလို/လျှင် သူတို့/၏/ခံတွင်း/မှ မီး/ထွက်လာ/၍ ရန်သူ/ကို လောင်ကျွမ်းစေ/လိမ့်မည်။ သူတို့/ကို အန္တရာယ်/ပြု/လိုသောသူ/သည် ဤ/နည်း/ဖြင့် အသတ်/ခံရမည်။ 6 ထို/သူတို့/၌ ပရောဖက်ပြု/ဟောပြောသည့်/အချိန်ကာလ/အတွင်း မိုး/မရွာ/စေရန် ကောင်းကင်/ကို ပိတ်ထားနိုင်သော အခွင့်အာဏာ/ရှိ၏။ ထို/သူတို့/၌ ရေ/ကို သွေး/အဖြစ်/သို့ ပြောင်းလဲ/စေနိုင်သော အခွင့်အာဏာ/နှင့် မိမိတို့/အလိုရှိသည့်/အချိန်/တိုင်း ကမ္ဘာလောက/ကို ဘေးဒဏ်/အမျိုးမျိုး/ဖြင့် ဒဏ်ခတ်/နိုင်သော/အခွင့်အာဏာ/လည်း/ရှိ၏။
7 သူတို့/သက်သေခံ/ပြီး/သောအခါ တွင်းနက်ကြီး/ထဲမှ တက်လာသော သားရဲ/သည် သူတို့/ကို တိုက်ခိုက်/အောင်နိုင်/၍ သတ်ဖြတ်/လိမ့်မည်။ 8 လက်ဝါးကပ်တိုင်/ပေါ်၌ သူတို့/၏/သခင်ဘုရား အသေခံတော်မူရာ/အရပ်/ဖြစ်သည့် သောဒုံ/နှင့် အီဂျစ်/ဟု ပုံဆောင်/ခေါ်ဝေါ်သော/မြို့ကြီး/၏ လမ်း/ပေါ်၌ သူတို့/၏ အလောင်းများ ရှိကြ/လိမ့်မည်။ 9 တိုင်းနိုင်ငံ/အသီးသီး၊ မျိုးနွယ်စု/အသီးသီး၊ လူမျိုး/အသီးသီး/နှင့် ဘာသာစကား/အသီးသီး/ပြောသည့်/သူများ/မှ လူတို့/သည် သူတို့/၏/အလောင်းများ/ကို သုံးရက်ခွဲ/ကြာအောင် ကြည့်ပြီး သင်္ချိုင်းဂူ/၌ သင်္ဂြိုဟ်/ခွင့် မပေးဘဲ/နေကြ/လိမ့်မည်။ 10 ကမ္ဘာလောက/၌ နေထိုင်ကြသော/သူတို့/သည် ထို/ပရောဖက်/နှစ်ပါး/၏ အဖြစ်/ကြောင့် ဝမ်းမြောက်/၍ တစ်ဦး/ကို/တစ်ဦး/လက်ဆောင်များ ပေးကြ/လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို/ပရောဖက်/နှစ်ပါး/သည် ကမ္ဘာလောက/၌ နေထိုင်သော/သူတို့/ကို ညှဉ်းဆဲ/သောကြောင့်/ဖြစ်၏။
11 သို့သော် သုံးရက်ခွဲ/ကြာ/ပြီးနောက် ဘုရားသခင်/ထံမှ အသက်/ဝိညာဉ်/သည် ထို/သူတို့/ထဲသို့ ဝင်ရောက်/၍ သူတို့/သည် ထရပ်ကြ၏။ ထို/နှစ်ပါး/ကို မြင်သော/လူတို့/သည် ထိတ်လန့်ကြ၏။ 12 ထိုအခါ ကောင်းကင်ဘုံ/မှ “ဤ/အရပ်/သို့ တက်လာလော့” ဟု ကျယ်လောင်သော/ခေါ်သံ/ကို ထို/ပရောဖက်/နှစ်ပါးတို့/ကြားရ၏။ ရန်သူတို့/သည် သူတို့/ကို/ကြည့်ရှု/စဉ်တွင် သူတို့/သည် မိုးတိမ်/ခြုံလွှမ်း/လျက် ကောင်းကင်/သို့ တက်သွားကြ၏။
13 ထို/အချိန်တွင် အလွန်/ပြင်းထန်သော/ငလျင်/လှုပ်/၍ မြို့/၏/ဆယ်ပုံ/တစ်ပုံ/သည် ပြိုကျသွား၏။ ထို/ငလျင်/ဒဏ်/ကြောင့် လူ/ခုနစ်ထောင် သေဆုံး/၍ အသက်ရှင်/ကျန်ရစ်/သူများ/သည် ထိတ်လန့်/ကာ ကောင်းကင်ဘုံရှင် ဘုရားသခင်/၏ ဘုန်းတော်/ကို ချီးမွမ်းကြ၏။
14 ဒုတိယ အမင်္ဂလာ/သည် လွန်သွားပြီ။ ထို့နောက် တတိယ/အမင်္ဂလာ/သည် မကြာမီ လာဦးမည်။
သတ္တမ/ကောင်းကင်တမန် တံပိုးခရာ/မှုတ်ခြင်း
15 သတ္တမ/ကောင်းကင်တမန်/သည် တံပိုးခရာ/မှုတ်/သောအခါ
“ဤ/လောကီ/နိုင်ငံ/သည် ယခု ငါတို့/အရှင်/နှင့် ထို/အရှင်/၏/ခရစ်တော်/စိုးပိုင်သော/နိုင်ငံ/ဖြစ်လေပြီ။
ကိုယ်တော်/သည် အစဉ်/ထာဝရ/အုပ်စိုးတော်မူ/လိမ့်မည်”
ဟု ကောင်းကင်/မှ ကျယ်လောင်/စွာ ပြောဆိုသံများ/ထွက်ပေါ်လာ၏။ 16 ဘုရားသခင်/၏/ရှေ့တော်/၌/ရှိသော မိမိတို့/၏/ပလ္လင်တော်/ပေါ်တွင် ထိုင်နေကြသော အကြီးအကဲ/နှစ်ဆယ့်လေးပါးတို့/သည် ဘုရားသခင်/အား ဝပ်တွားခယ/၍ ကိုးကွယ်/ပြီး
17 “ယခု/ရှိ/လျက်၊ ယခင်/ကလည်း/ရှိတော်မူသည့် အနန္တ/တန်ခိုးရှင် ဘုရားသခင်/ကို
အကျွန်ုပ်တို့/ကျေးဇူးတင်ပါ၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်/သည် မဟာ/တန်ခိုး/ကို ခံယူ/၍
အုပ်စိုးတော်မူ/သောကြောင့်/ဖြစ်၏။
18 လူမျိုးတို့/သည် အမျက်/ထွက်ကြ၏။
သို့သော် ယခု ကိုယ်တော်/၏/အမျက်/ထွက်ချိန် ရောက်လာပြီ။
သေလွန်သော/သူတို့/ကို တရားစီရင်ရသော/အချိန် ရောက်လာပြီ။
ကိုယ်တော်/၏/အစေခံ/ဖြစ်သော ပရောဖက်များ၊
သန့်ရှင်းသူများ/နှင့်
ကိုယ်တော်/ကို ကြောက်ရွံ့သည့် လူတန်းစား/အနိမ့်/အမြင့်/လူအပေါင်းတို့/အား ဆုလာဘ်/ကို ပေး/လိမ့်မည်။
ကိုယ်တော်/သည် ကမ္ဘာလောက/ကို ဖျက်ဆီးသော/သူတို့/ကို ဖျက်ဆီးတော်မူ/လိမ့်မည်”
ဟု ဆိုကြ၏။
19 ထိုအခါ ကောင်းကင်ဘုံ/၌/ရှိသော ဘုရားသခင်/၏ ဗိမာန်တော်/သည် ပွင့်/၍ ကိုယ်တော်/၏/ဗိမာန်တော်/၌ ပဋိညာဉ်/သေတ္တာတော်/ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံ/မြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်/လှုပ်ခြင်း၊ ကြီးမားသော/မိုးသီးကျခြင်း/တို့ ဖြစ်လေ၏။